Saturday, December 28, 2013

Aire talk နဲ့ ဖုန်း အလကားပြောမယ်



 
အခုပြောပြမဲ့ App ကတော့ Viber ကဲ့သို့ Free Phone
Call/Free SMS အပြင် Free Video Call, Walkie
Talkie, Image Sharing, File Transfer အပြင်
မိမိရောက်နေတဲ့ Location ကိုပါ သူငယ်ချင်းတွေအချင်းချင်း အပြန်အလှန် ပေးပို့ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
Register Accout နဲ့ ဆက်သွယ်နိုင်သလို Facebook
Account နဲ့လည်း ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
Android ဖုံးတွေအပြင် iOS Devices တွေမှာလည်း
အသုံးပြုလို့ရတာကို တွေ့ရပါတယ်။ App ကတော့
Aire Talk လို့ခေါ်ပါတယ်။
Aire App ကို သွင်းထားတဲ့ Mobile ဖုံးအချင်းချင်း
ဆက်သွယ်ပြောဆို ဝေမျှနိုင်မှာ ဖြစ်ပါတယ်။ Aire က
ထွက်တာ သိပ်မကြာသေးတဲ့အတွက် မိမိမှာ ရှိတဲ့
Friend တွေ သုံးထားချင်မှ သုံးထားပါလိမ့်မယ်။
အကယ်လို့ မိမိအသုံးပြုရတာ လွယ်ကူရင် Invite
လုပ်ပြီး အသုံးပြုကြဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။

နှစ်ဦး နှစ်ဘက် App ကို သွင်းပြီးသွားပြီဆိုရင်တော့

၁. ဖုံးပြောလို့ရပါမယ်။ Voice/Video
၂. SMS ပို့လို့ရပါမယ်။
၃. Walki Talki လိုမျိုး ပြောလို့ရပါမယ်။
၎.Voice Message ပို့လို့ရပါမယ်။
၅. Photo တွေ ပို့လို့ရပါမယ်။
၆. File တွေ ပို့လို့ရပါမယ်။
၇. Location ကို Share လို့ရပါမယ်။

Internet Bandwidth အများကြီး မကောင်းရင်တောင်
အဆင်ပြေပြေ အသုံးပြုနိုင်မယ်လို့ ပြောကြားထားပါတယ်။

Android phone တွေအတွက်

Download
Googleplay Store link

Iphone တွေအတွက်

Itunes App link

Pc အတွက်

Download

ဖုန်း ခေါ်လို့မရအောင်လုပ်မယ်


အကြောင်းတခုခုကြောင့် ကိုက အပြင်သွား နေရချိန် ဖုန်းနဲ့ ကို နဲ့ ဝေးနေချိန်တွေ မျိုးမှာ..ကို့ ဖုန်းကို သူများ က ယူဆက် မှာ စိုးရိမ်ရင် ဒီ Application လေးသာ ထည့်ထားလိုက်ပါ။သူ က  ဖုန်း ကို အထွက်ခေါ်လို့မရအောင်လုပ်ပေးမယ့် Application ပါ။
နာမည်ကတော့ Out Call Blocker ပါ။

Wednesday, December 4, 2013

စစ်ဆေးရေး App

jas
Name :စစ်ဆေးရေး App
Version :1.0
Size : 3.94MB
Format : Apk
O/S : Android
မင်္ဂလာပါဗျာ ဒီစစ်ဆေးရေး ပရိုဂရမ်သည် ROM အားကို ကြည့်ရှုတာတို့ အင်တာနက် လိုင်းအမျိုးအစားကို ကြည့်ရှုတာတို့ မှန်ပြင် အရွယ်အစားကို ကြည့်ရှုတာတို့ Android Version ကို ကြည့်ရှုတာတို့ မှတ်ညဏ်ပမာဏ(RAM) အားကို ကြည့်ရှုတာတို့ ဖုန်းအမျိုးအစားနဲ့ ထုတ်လုပ်သည့် စက်ရုံကိုလည်း ဖော်ပြပေးသော App လေး ဖြစ်ပါတယ်ခင်ဗျာ...............................။


Monday, November 11, 2013

Android ဖုန်းအတွက် AVG Antivirus Pro ကိုဒေါင်းရန်။



ဒီ App လေးကတော့ Android ဖုန်းများအတွက် AVG Antivirus Pro လေးပါ ။ AVG ကိုတော့အားလုံးသိ
ကြမယ်ထင်ပါတယ် Computer မှာလဲအရမ်းကိုနာမည်ကြီးတဲ့ Software Company တစ်ခုပါဖုန်းမှာလဲနာ
မည်ရမယ်ထင်ပါတယ် ဒီကောင်လေးက $14 လောက်ပေးရပါတယ် ။ ကိုယ် Android ဖုန်းမှာ Virus တွေ
ဝင်ရလေအောင်ဒီ Software သုံးခြင်ဖြင့် Virus တွေကိုကာကွယ်ပေးပါတယ် ။ လိုခြင်ရင်တော့အောက်မှာ
Free ဒေါင်းလိုက်ပါ ။ ဒီ App လေးကဖုန်းတွေကို Virus ကနဲကာကွယ်ပေးမယ်လို့မျော်လင့်ပါတယ်။

Android ဖုန်းအတွက် Bestshot Video Edit ဒေါင်းရန်။



ဒီဟာလေးကတော့ Android Device ကိုယ်တဲ့သူငယ်ခြင်းများအတွက်  Video Edit ကလေးပါနာမည်က
တော့ Best Shot လေးပါ။ ကိုရိုတ်ထားတဲ့ Video တွေကို Computer မှာ Edit မလုပ်တော့ဘဲ Android
ဖုန်းကနဲ လုပ်လိုရပါတယ် Computer တွေကိုဟိုမှာဒီ မှာပါသွားဖို့ အရမ်းကိုအခတ်ခဲရှိပါတယ် Phone ကို
တော့အားလုံးလွယ်လွယ်ကူကူ နဲ့ ခရီးသွားရင်တော့ ပါသွားလိုရတယ်။ Phone ပါရင်တော့ Computer မ
လိုတော့ဘဲ Video တွေကို ကိုယ်ကြိုက်တလို Edit လုပ်ခြင်သူများအတွက်အောက်မှာဒေါင်းလိုက်ပါ။

Bestshot Download Here

Bestshot Play Store

Wednesday, November 6, 2013

Blacklistcall for android


မဆိုင်တဲ့ဖုန်း လာနေတာ ဥဏှောက်ခြောက်နေသူအတွက် Blacklistcall software ပါ android phone တွေအတွက်ပေါ့ အသုံးပြုချင်သူများ ဒီမှာ  down ပါ
အသုံးပြုပုံက လွယ်ပါတယ် ပထမ ပုံက အတည်ဖြစ်ကြောင်း အမှန်ခြစ်ပေးရင် ရပါတယ်။ ကိုယ် blacklist လုပ်တာ ဖွင့်ပေးချင်တယ်ဆိုရင်တော့ အမှန်ခြစ်ဖြုတ်ထားလိုက်ပေါ့။



 1. ဒုတိယ ပုံထဲက pick up number from contact list ကတော့ ကိုယ့် contact list ထဲက မကြိုက်တဲ့ သူတွေကို ရှာထည့်ခိုင်းတာပါ။
2. introduce number manually ကတော့ ကိုယ့် contact ထဲမှာ မရှိသေးတဲ့ number ကိုယ် မလာစေချင်တဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ရမှာပါ။ ကြို တင်ကာကွယ်တဲ့ သဘောပါ။
3. introduce from call history ကတော့ အရင်တုန်းက ဆက်သွယ်ဘူးတော့ call log တို့ ထဲကနေ ရှာထည်နိုင်ပါတယ်။ ကိုယ် ဘယ်သူ့ ကို black list လုပ်မလဲ ကိုယ်လုပ်ချင်တဲ့ အထဲ ကနေ လွယ်လွယ်ကူကူ ရှာဖွေနိုင်ပါတယ်။ ကိုယ်ဘယ်သူတွေ Blacklist လုပ်ထားလဲပြန်ကြည်ချင် ရင်တော့ အထက် ဘားမျာရှိတဲ့ List မှာ သွားကြည့်လို့ရပါတယ် ကျန်တာတော့ ကျုပ်ကျပ်လိ ပေါ့။
 ကျေးဇူးတင်လျှက်

Monday, November 4, 2013

Google Voice နှင့် GTalk * Andriod ဖုန်းတွေ မှ Gtalk Voice Call လို့ရတဲ့ Software*.....................................

.




အခုတင်ပေးလိုက်တာကတော့ Andriod ဖုန်းတွေ မှ Gtalk Voice Call လို့ရတဲ့ ဆော့ဝဲလ် လေးဖြစ် ပါတယ်။ Andriod Version 1.0,2.0 အထက်တွေမှာ Gtalk က အကောင့်တခုပဲ သုံးလို့ရပါတယ်။ ပိုသုံးချင်ရင် ဆော့ဝဲလ် ထပ်ရှာရပါတယ်။ ဒါတောင် တချို့မော်ဒယ်နိမ့် ဖုန်းတွေက Gtalk Call လို့ မရ ပါဘူး။ 
GV Phone လေးကတော့ Gtalk Voice Call လည်းရပါတယ်။ Chatting လည်းရတယ်။ ပြီးတော့ Viber လိုပဲ GV Phone ဆော့ဝဲ ထည့်ထားတဲ့ ဖုန်း နံပါတ်အချင်းချင်း Free Call ရပါတယ်။ ကျနော်ကိုယ်တိုင် စမ်းကြည့်တာ အရမ်းကို အဆင်ပြေပါတယ်။ လိုင်းနဲတာတောင် အသံ ကြည်လင်ပြတ်သားမှု ရှိပါတယ်။ Andriod ဖုန်းသုံးသူတိုင်း ဆောင်ထားသင်ပါတယ်။
အောက်မှာ Screenshoot တွေနဲ့ ပြထားပေးပါတယ်။ သုံးရတာ ဒီဇိုင်းတမျိုးနဲ့ အရမ်းကိုလန်းပါတယ်။ ။ အခုတင်ပေးလိုက်တဲ့ GV Phone - Google Voice & GTalk ကိုတော့ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

ကိုယ်တိုင်ကားမောင်းသလိုမောင်းရမယ်..Dr.Driving Update လေးပါ..




ကားမောင်းတာကြိုက်တဲ့မိတ်ဆွေများအတွက် Update လေးတွေ့လို့
တင်ပေးလိုက်ပါတယ်နော်.. ကားပြိုင်တဲ့ဂိမ်းတော့မဟုတ်ပါဘူးခင်ဗျာ..
ကိုယ်တိုင်ဝင်မောင်းရသလိုပါပဲ .. ကားပါကင်ထားတာလဲပါတယ်..
Highway မောင်းတာလဲပါတယ်.. ဓါတ်ဆီချွေတာပြီးလဲမောင်းခိုင်း
တာလဲပါတယ်..အို..စုံ လို့ပါပဲဗျာ.. ကဲ..စိတ်ဝင်စားရင်တော့အောက်
မှာဒေါင်းနိုင်ပါတယ်ဗျာ.. Dr.Driving တဲ့နော်..http://goo.gl/9ibdiz



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >


ပီမိုးနင်းရေးတဲ့ မိန်းမစိတ်ကျမ်း ကာမသိဒ္ဒိကျမ်းလိုပဲ အသုံးတည့်မယ့် APK




ဒီဆော့ဝဲလေးကတော့ 18 နှစ်အထက် အပျို  လူပျို  အိမ်ထောင်ရှင်တွေအတွက်


ငယ်ငယ်က ပီမိုးနင်း စာအုပ်တွေဖတ်ဖူးရင် ဒါက ဆောင်သင့်တဲ့ဆော့ဝဲလေးပါ


သိထားသင့်တဲ့ ဗဟုသုတ လင်နဲ့ မယားကြား နားလည်ထားရမယ် ပညာမလို့ 


တင်ပေးလိုက်တယ် ။ ယူချင်တဲ့သူ အောက်ကလင့်မှာ ယူလိုက်-ဖလမ်းဖလမ်း

[Download Link  သေ ၊ မသေ သိရန် အောက်က ပုံ ကို အရင် Click ကြည့်နိုင်ပါတယ်။။  New Tap ဖွင့်သွား ပြီး Webpage အသစ် ပေါ်လာရမည်။ အကယ်လို့ webpage မပွင့်လျှင် File Not Found ဖြစ်သွား တဲ့ အတွက် အခြား Mirror ကနေ ဒေါင်းပါ။ New Tap ပွင့်တယ်ဆိုရင် တော့ ပေါ်နေတဲ့ Webpage ကို ပိတ်ပစ်ပြီး Download Now Button ကို နှိပ်ပြီး အောက်က ကြိုက်နှစ်သက်ရာမှ ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်]<br />Really thanks  to Script Developer - Ko Thi Ha

From Zippyshare
 http://adf.ly/YZebx

Sunday, November 3, 2013

လေကြောင်းတိုက်ပွဲဂိမ်းC.H.A.O.S Multiplayer Air War v5.2.1 (APK+OBB)Game(65MB)


 ပစ်ခတ်ချင်သူများအတွက် လေကြောင်းတိုက်ပွဲဂိမ်းလေးတင်ပေးလိုက်ပါတယ်
Android: 2.1နဲ့အထက်မှာ ထည့်ကစားနိုင်ပါတယ်
ကစားမယ်ဆိုရင်အောက်လိပ်စာမှာရယူနိုင်ပါတယ်

မြန်မာဖေ့ဘွတ်


jas
Name :မြန်မာဖေ့ဘွတ်
Version :1.8
Size :11.2 MB
Format : Apk
O/S : Android

ဖ့ဘုတ်ဟာ လူအများဝင်ရောက် အသုံးပြုနိုင်သော အများသုံးကွန်ရက်တစ်ခုဖြစ်ပါတယ်။ ဖေ့ဘုတ်ဟာ လူအများအား တစ်ဦးနှင့်တစ်ဦး သိကျွမ်း နားလဥ၁်နိုင်ပြီး တစ်ကမ္ဘာလုံး၏ သတင်းများအား အချိန်နှင့်တစ်ပြေး သိရှိနိုင်ပါတယ်။


 http://www.files.com/shared/526e81d7a9c2b/mouselay-fb-app.rar
 http://www11.zippyshare.com/v/29655589/file.html

ရုပ်ဆိုး၊ရုပ်ချောကို ဆုံးဖြတ်ပေးမဲ့ App လေ



ရုပ်ဆိုး၊ရုပ်ချောကို ဆုံးဖြတ်ပေးမဲ့ App လေ
*******************************
ဒီ App က Australia မှာ Popular ဖြစ်နေတယ်ဆိုပြီးရယ် ဒီ Apps က တကယ် နည်းပညာတွေနဲ့ သေချာလုပ်ထားတာဖြစ်ပြီး မှန်ကန်ကြောင်းရယ်... တခြား သတင်းတခုမှာကြတော့ ဒီ Apps ကြောင့
် Americanမှာရှိတယ် ဆယ်ကျော်သက်လေးတွေက သူတို့ရဲ့ ရရှိတဲ့ rate ပေါ်မှာ စိတ်ပျက်ပြီး စိတ်ဓာတ်ပိုင်းဆိုင်ရင်ကိုထိခိုက်သွားတာတို့...

အတော်လေးကို နာမည်ကြီးသွားပြီး Itunes မှာ အရောင်းရဆုံးစရင်းလဲဝင်နေတဲ့ App လေးဖြစ်ပါတယ်။App နာမည်က Ugly meter လို့ခေါ်ပါတယ် rating က 10 ထဲကနေပေးတာပါ။ 0.0/10 ဆိုရင်တော့အချောဆုံးပေါ့ 9.9/10 ဆိုရင်တော့ ရုပ်အဆိုးဆုံးပေါ့


Iphone,Ipad,ipod
https://itunes.apple.com/au/app/ugly-meter/id388336485?mt=8

Android
https://play.google.com/store/apps/details?id=com.dappergentlemen.uglymeter&hl=en


ကျနော်တော့ မစမ်းရဲဘူး ကိုယ့်ကိုကိုယ် သိလို့ ဟစ်ဟစ်..

Android ဖုန်းဘက်ထရီ အကုန်မြန်သူများအတွက် 2ဆတိုးအောင်လုပ်နည်း



ဖုန်းမှာ ဘက်ထရီအကုန်မြန်နေသူများ ဒီဆော့ဝဲလေးကို ထည့်ထားလိုက်ပေတော့

လိုအပ်တာမှန်သမျှ ဒီဆော့ဝဲလေးက ချိန်ဆလုပ်ဆောင်သွားတာ အဆင်ပြေတယ်

အင်တာနက်လိုင်းကို ဖုန်းမသုံးပဲ အိပ်ထဲထည့်လိုက်တာနဲ့  အလိုလျောက် ပိတ်တာ

အဲ့စနစ်လေးက  မြန်မာပြည်က လူတွေ အတွက် ကောင်းတယ် ။  ခဏခဏ ပိတ်ဖို့ 

ဖွင့်ဖို့ မလိုဘူး ဘက်ထရီကို အသုံးပြုမှုကို လိုအပ်သလို ချိန်ဆခွဲဝေပေးနေတာမလို့ 

ဒီဆော့ဝဲမထည့်ခင်နဲ့  ထည့်ပီး နှိုင်းယှဉ်ကြည့် သိသိသာသာ အချိန်ပိုလာလိမ့်မယ်

စမ်းသုံးကြည့်တာ သိသိသာသာ ထူးခြားလာလို့  ပြန်လည် မျှဝေလိုက်ပါတယ်.....။

ပုံစံတူ ဆော့ဝဲတွေကတော့ Playstore မှာ အများကြီး ရှိနေပါသေးတယ်..............။

1. Auto manage 3G/4G/WiFi connection in the background

2. Show battery level and usage in the status bar

3. Efficient & easy to use


ဒီလင့်မှာ Download ယူပါ - 2x Battery Saver ( Mediafire )

ဒီလင့်မှာ Download ယူပါ - 2x Battery Saver ( Zippshare )

ဒီလင့်မှာ Download ယူပါ - 2x Battery Saver ( Market )

Android Phone Lock Pattern မေ့နေပါက ပြန်လည်ဝင်ရောက်နည်း



Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင်ကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ …
အဲ ဒါပေမယ့် … ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ
… ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်မှာပါ … ဖုန်းထဲမှာ google account တော့ ဝင်ထားဖို့လိုပါတယ် …
အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ …
Wi-Fi ချိတ်ထားဖို့ လိုပါတယ် … ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။
ပြီးတော့ တခြားဖုန်းတစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ …
Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern
ပြီးတော့ Settings > Accounts & Sync ကနေ Add Account
ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ …
ပြီးတော့ ဖုန်းချလိုက်ပါ …
အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ …
Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ” ဆိုပြီး ပေါ်လာပါမယ် …
OK နှိပ်လိုက်ပါ။
စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ရင် ဒီလိုလေးပေါ်လာမယ် …
ဒါဆိုရင် သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ …
ဝင်သွားပြီဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ … ဒီတစ်ခါတော့ မှတ်ထားပေါ့နော် …
ပြီးရင် Continue နှိပ်ပါ …
Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် …
ပြီးရင် Confirm နှိပ်ပါ …
ဒါဆိုရင်တော့ သင်ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် …
အကယ်လို့ … ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …
အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည်တာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???
PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင် Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ …
အားလုံးပဲ အဆင်ပြေကြပါစေဗျာ …

Android ဖုန်းအတွက် အရမ်းလှတဲ့ ပုံအရှင် Wallpaper အလန်းဇယားများ ၁၂ မျိုး







အောက်ပါ လင့်မှ နှစ်သက်ရာစတိုင်ကိုကြည့်၍ Downloadဆွဲလိုက်ပါ

Android applications ရေးသားနည်း

စာအုပ်အမည်း  Android applications ရေးသားနည်း
ရေးသားသူး  Htar Htar Lwin
စာအုပ်အမျိုးအစားး PDF
အရွယ်အစားး 4.99 MB

Android application တွေကို ရေးသားလိုတဲ့ beginner တွေကို ရည်ရွယ်ပြီး Android  application   ရေးသားနည်းတွေကို   Tutorial    သဘောမျိုး ရေးသားပေးထားတဲ့ Android application ရေးသားနည်းစာအုပ်လေးဖြစ်ပါတယ်။ Android application ရေးသားနည်းကို စိတ်ဝင်စားတဲ့သူတွေအတွက် ဒီစာအုပ်လေးကို တင်ပေးလိုက်ပါတယ်။ လိုချင်သူများ အောက်မှာ ကြိုက်တဲ့လင့်ကနေ Download လုပ်ယူနိုင်ပါတယ်။
http://www61.zippyshare.com/v/1993092/file.html

Farm Frenzy Ancient Rome


ဒီကောင်လေးကတော့ အရမ်းဆော့လို့ကောင်းတဲ့ Farm Frenzy Ancient Rome Game လေးဖြစ်ပါတယ်။ ဒီ Game လေးကတော့ လူတော်တော်များများသိပြီးဖြစ်မှာပါ အရမ်းဆော့လို့ကောင်းတဲ့စိုက်ပျိုး
 ရေး Game လေးတစ်ခုပါ။ မကစား ဖူးသေးသူများ စမ်းကစားခြင်တယ်ဆိုရင် အောက်ကကြိုက်တဲ့ လင့်မှာ Download ယူသွားပါခင်ဗျား။


Saturday, November 2, 2013

SEA GAME CHIN LONE (မြန်မာအက်ဒရိုက်ဂိမ်း)



ဆီးဂိမ်း အကြို.အနေနဲမြန်မာတို.ထုတ်လုပ်ထားတာပါ ထုတ်လုပ်သူကတော. ကိုမြင်.ကျော်သူဖြစ်ပါတယ်
ဂိမ်းကအရမ်းလည်းအဆင်းမြင်.ပါတယ် ကစားလို.ကောင်းမယ်။ဂိမ်းတစ်ခုလို.ယုံကြည်ပါတယ်ဗျာ

Facebook အသုံးပြုသူများ secure browsing အား အသုံးပြုသင့်


Picture
ယခုအချိန်တွင် အင်တာနက် အသုံးပြုတတ်သူ လူတိုင်းနီးပါးသည် wifi ပါ smart phone များ ကိုင်ဆောင်ကာ Internet WiFi အခမဲ့ ဝန်ဆောင်မှုပေးသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် စားရင်း သောက်ရင်း အင်တာနက် အသုံးပြုမှု များပြားလာကြသည်။ သို့သော်လည်း မိမိ အသုံးပြုနေသော WiFi network ထဲရှိ အခြား အသုံးပြုသူတစ်ယောက်က မိမိ၏ facebook ကို smart phone မှ တဆင့် ဖောက်ထွင်း၍ ရနိုင်ကြောင်းကို facebook အသုံးပြုသူ အတော်များများ မသိကြကြောင်းကို mobile phone ပညာရှင် တစ်ယောက်မှ CJMyanmar သို့ ပြောကြားသည်။

ယင်း ပညာရှင်မှပင် Android OS သုံး smart phone တွင် ထည့်သွင်းထားသော  facebook ကို ဖောက်နိုင်သော App (software) ကို လက်တွေ့ စမ်းသပ်ပြရာတွင် http://www.facebook.com ဖြင့် အသုံးပြုနေသော သူများ၏ facebook account များကို မိနစ်ပိုင်း အတွင်း ဖောက်နိုင်ကြောင်း တွေ့ရှိရပါသည်။ https://www.facebook.com ဖြင့် အသုံးပြုသူများ၏ account ကိုမူ ဖောက်ထွင်းရန် ခက်ခဲသေးကြောင်း ယင်းပညာရှင်မှပင် ပြောကြားသည်။

ယင်းကဲ့သို့ WiFi network တစ်ခုတည်း အတွင်းမှ အခြားသူများ မိမိ၏ facebook account ခိုးယူ သုံးစွဲခြင်းမှ ကွင်းဝေးစေရန် facebook တွင် အောက်ပါ အချက်များ ပြင်ဆင်ထားသင့်သည်။
၁. facebook.com အပြာရောင် ဘားတန်း ညာဘက်ဆုံးရှိ အောက်ကို ပြနေသော မြှားကို နှိပ်ပြီး Account Settings ကိုရွေးပါ။
၂.  Security ကို click လုပ်ပါ။
၃. Secure browsing ပေါ် click လုပ်ပါ။
၎. Browse Facebook on a secure connection (https) when possible အရှေ့တွင် ရှိသော လေးထောင့် အကွက်ထဲတွင် အမှန်ခြစ် ရှိအောင် လုပ်ပါ။ အမှန်ခြစ် ရှိပြီးသား ဖြစ်ပါက click ထပ်နှိပ်ရန် မလိုပါ။
၅. Save Changes ကို နှိပ်ပါ။

ယင်းသို့ setting များပြင်ပြီးပါက https://www.facebook.com ပေါ်နေသော address bar ထဲတွင် cursor ချပြီး https://www.facebook.com ဖြစ်သွားလား သေချာအောင် စစ်ဆေးပါ။ https://www.facebook.com မဖြစ်သေး http://www.facebook.com ဖြစ်နေပါက အပေါ် အဆင့် (၅) အတိုင်း ပြန်လည် လုပ်ဆောင်ပေးရန် လိုပါသည်။

Thursday, October 31, 2013

Fast Pro for Facebook v2.1.3 Apk 2.MB



Fast Pro for Facebook အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် 
October 28,မှာUpdateပေးလို့ တင်ပေးလိုက်ပါတယ်
သာမန် facebook apk ရဲ့ နှေးကွေး၊လေးလံမှုကြောင့် ငြီးငွေးနေပြီဆိုရင် Fast pro for facebook လေးသုံးကြည့်လိုက်ပါ….သင့်ကို စိတ်ကျေနပ်မှုပေးနိုင်မှာ အမှန်ပါပဲ.. ဒီဆော့ဝဲလ်လေးက သာမန် facebook ထက် အသုံးပြုရတာ သိသိသာသာမြန်ဆန်တာကိုတွေ့ရမှာဖြစ်ပါတယ်.. connection မကောင်းတဲ့ နေရာတွေမှာဆို ပိုအသုံးဝင်မှာ အသေအချာပါပဲ….security ပိုင်းအတွက်လည်း လုံးဝ စိတ်ချရဖို့ အာမခံထားပါတယ်.. လက်ရှိအသုံးပြုနေတဲ့ facebook လို features တွေပါဝင်လာမှာဖြစ်ပြီး ကွာသွားတာက  မြန်ဆန်မှုအပိုင်းပဲဖြစ်ပါတယ် ..အသစ်ထွက်ဗားရှင်းမှာ ပိုဖြည့်စွက်ထားတာကတော့  photo tagging, new tablet landscape layout တို့ပါဝင်မှာဖြစ်သလို  နောက်ခံ background ကိုလည်း မိမိကြိုက်နှစ်သက်တဲ့ အရောင် ထားပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်
https://play.google.com/store/apps/details?id=app.fastpro.com
မှာလေ့လာပြီး ကြိုက်ရင် အောက်ကလိပ်စာမှာရယူနိုင်ပါတယ် 

ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေသော ဖုန်း (၁၀) လုံး




ကျန်းမာရေးထိခိုက်စေနိုင်သော အန္တရာယ်များ ဟန်းဖုန်း ၁၀ လုံး

ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး
ဖြစ်မယ်လို့ ယူဆပါတယ်။

အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင့် ဖြစ်ပါတယ်။
ယင်း radiation ကြောင့်ပဲ ဖုန်းကို သတိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး
Specific Absorption Rate (SAR) သတ်မှတ်ပါတယ်။
ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို
ဘယ်လောက် စုပ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။

ယခု SAR ယူနစ်ကတော့ တစ်ကီလိုဂရမ်စာ ဖုန်းမှာ ပါဝင်တဲ့ ဆက်သွယ်ရေး ပစ္စည်း အလေးချိန်ဟာ
လျှပ်စစ်လှိုင်း/ ရေဒီယိုလှိုင်းဘယ် နှစ်ဝပ် ထုတ်နီုင်တယ်လို့ သတ်မှတ်ထားပေးတာ ဖြစ်ပါတယ်။
ဥပမာ - 1.5 watts/kg ဆိုရင် တစ်ကီလိုဂရမ် ယူနစ်အတွက်ဖြစ်ပါတယ်။
၁.၅ ဆိုရင် အတော်များနေပြီ ဖြစ်ပါတယ်။

ဒါကြောင့် အန္တရာယ်များတဲ့ ၁.၅ အထက် မိုဘိုင်းဖုန်းများကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ရပါတယ်။

၁၀။ Motorola W385
ုအမေရိကန် မိုတိုရိုလာက ထုတ်တဲ့ CDMA ဖုန်း ဖြစ်ပါတယ်။
အမေရိကန်ရယ်လို့ မဟုတ်ပဲ တရုတ်ပြည်က စက်ရုံခွဲမှာလည်း ထုတ်ခဲ့ပါတယ်။
တော်တော်ကြာပြီ ဖြစ်တဲ့ ခေါက်ဖုန်း ဖြစ်ပါတယ်။
ရေဒီယိုလှိုင်း ဆုပ်ယူနိုင်မှု ယူနစ် Specific Absorption Rate (SAR)- တစ်ကီလိုဂရမ်မှာ
၁.၅၄ ဝပ် အထိ ရှိပါတယ်။

၉။ HTC Magic
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်တဲ့ ထိုင်ဝမ် HTC ထုတ် စမတ်ဖုန်း ဖြစ်ပါတယ်။
Android 1.6 Donut ကိုအသုံးပြုခဲ့ပြီး သူ့ခေတ် သူ့ခါမှာတော့ တော်တော်ကို ပေါက်တဲ့ ဖုန်း ဖြစ်ပါတယ်။
သူ့ရဲ့  SAR ကလည်း တစ်ကီလိုဂရမ်ကို ၁.၅၅ ဝပ် အထိ ရှိပါတယ်။

၈။ Motorola i335
၂၀၀၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်က တစ်ကြိမ်ထုတ်လုပ်ရအောင် အတော်ကို အောင်မြင်တဲ့ ဖုန်း ဖြစ်ပါတယ်။
လိုင်းဆွဲအား အင်မတန် ကောင်းပြီး ဘက်ထရီတော်တော်ခံတဲ့ ဖုန်း ဖြစ်ပါတယ်။
သို့ပေမယ့် သူ့ရဲ့  SAR က ၁.၅၅ ရှိပါတယ်။

၇။ Blackberry Bold
ကနေဒါ RIM ထုတ်တဲ့ Blackberry ဖုန်းလည်း ပါဝင်နေပါတယ်။
Bold စီးရီး တစ်ခုလုံးလို့တော့ မဆိုထားပါဘူး။
သို့ပေမယ့် ၂၀၀၈၊ ၂၀၀၉ မော်ဒယ်တွေကို အသားပေးပြောထားပါတယ်။
၁.၅၅ အထိ radiation rate ရှိနေလို့ ဖြစ်ပါတယ်။ Blackberry ကလည်း မြန်မာပြည်မှာ
ရေပန်းစား တဲ့ ဖုန်း ဖြစ်ပါတယ်။

၆။ Motorola Boost
Android 1.5 သုံးပြီး keypad ရော၊ Touchscreen ပါတဲ့ Motorola Boost ကလည်း နာမည်ကြီးဖုန်းပဲ ဖြစ်ပါတယ်။
ကင်မရာကလည်း 5megapixel ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR rating ကလည်း ၁.၅၅ ပဲ ဖြစ်ပါတယ်။

၅။ Kyocera Jax S1300
ဒီဂျစ်တယ် ဖုန်းအဆင့်ပဲ ရှိတဲ့ Kyocera Jax S1300 ကိုတော့ လူသိနည်းပါတယ်။
လိုင်းဆွဲအားကောင်းမှုကို အဓိကထားထုတ်တဲ့ ခပ်ရှင်းရှင်း ဖုန်း ဖြစ်ပါတယ်။
၁.၅၅ ရှိတဲ့အတွက် SAR rate ကတော့ မသေးပါဘူး။

၎။ Sony Ericsson Xperia X10 Mini Pro
၂၀၁၀ ဖေဖော်ဝါရီ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်း ဖြစ်ပြီး မြန်မာပြည်မှာလည်း အသုံးများနေပါတယ်။
Sony Ericsson Xperia X10 Mini မဟုတ်ပဲ ဗားရှင်း နည်းနည်း Upgarde လုပ်လိုက်တဲ့အတွက
် Pro လို့ ထပ်ဖြည့် အမည်ပေး ထားတဲ့ ဖုန်း ဖြစ်ပါတယ်။
Android စမတ်ဖုန်းကောင်း တစ်မျိုး ဖြစ်ပေမယ့် SAR rate ကတော့ ၁.၅၅ ရှိပါတယ်။

၃။ Sony Ericsson Satio
Symbian OS 9.4 နဲ့ ထွက်ရှိတဲ့ ဆိုနီရဲ့  Ericsson Satio လည်း မြန်မာပြည်မှာ အသုံးပြုနေကြပါတယ်။
GSM ဖုန်း ဖြစ်ပြီး Wi-Fi, bluetooth စုံလင်စွာ ပါရှိတဲ့အတွက် အကြိုက်တွေ့နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။
သူ့ရဲ့  SAR ကလည်း ၁.၅၆ အထိ ရှိပါတယ်။

၂။ Motorola Droid 2 Global
သြဂုတ် ၂၀၁၀ လေးတင် ထွက်ရှိခဲ့တဲ့ Android 2.2 စမတ်ဖုန်း ဖြစ်ပါတယ်။Droid 2 လို့လည်း လူသိများပါတယ်။
user interface ကောင်းမွန်မှု၊ ကင်မရာနဲ့အခြား touchscreen နည်းပညာတို့ ကောင်းမွန်မှုကြောင့်
အကြိုက်တွေ့ နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။
SAR ကတော့ ၁.၅၈ အဆင့်အထိ ရှိပါတယ်။

၁။ Motorola Bravo
Motorla Bravo ဆိုတာကလည်း ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ထွက်ရှိခဲ့တဲ့ WVGA display သုံး
စမတ်ဖုန်းသေးလေး ဖြစ်ပါတယ်။Android ဖုန်းပဲ ဖြစ်ပါတယ်။
Processor ကောင်းမွန်မှု၊ အကြမ်းခံမှုတို့က အားသာ ချက် ဖြစ်ပေမယ့် အဓိက
အားနည်းချက်ကြီးကတော့ရေဒီယို လှိုင်း ထုတ်လွင့်မှု ဖြစ်ပါတယ်။
ဒါကြောင့်ပဲ သူ့ကို အန္တရာယ်အကြီးဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
SAR rating - ၁.၅၉ ရှိတဲ့အတွက် လက်ရှောင်ရန် တိုက်တွန်းထားတဲ့ ဖုန်း ဖြစ်ပါတယ်။

ဒီမှာ အဓိက ဇာတ်ကောင်က Motorola ဖြစ်ပြီး Motorola ထုတ်ဖုန်း တွေ တော်တော်ပါနေတာ တွေ့ရပါတယ်။
အထက် ၁၀လုံးကို လေ့ လာသိရှိပြီး စာဖတ်သူတို့ သတိထား အသုံးပြုနိုင်မယ်လို့ မျော်လင့်ပါတယ်။

အလွယ်ဆုံး English Speaking App







ဤ App လေးဟာ အသုံးများသော အင်္ဂလိပ် စကားပြောများကို ရေးသားထားခြင်းဖြစ်ပါတယ်။ မိမိပြောလိုသော စကားများကို ယခု Application ကို အသုံးပြု၍ လွယ်ကူစွာ ပြောဆိုနိုင်ပါတယ်။ Apk file Size 1.6MB ရှိပြီး Android Version 2.2 နှင့် အထက်ဖုန်းများ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ★Credit To "JAS"★ "ဒေါင်းလုပ် ယူနည်း" ပေးထားသော လင့်ခ် အား click နှိပ်ပါ။ နောက်တစ်မျက်နှာရောက်ရင် ၅စက္ကန့်စောင့်ပြီး ညာဘက်အပေါ်ဒေါင့်နားက အပြာရောင်စာတမ်းနှင့် "SKIP AD" ဆိုတာလေးကို ထပ်မံ click နှိပ်ပေးလိုက်ပါက မိမိဒေါင်းယူရမည့် ဆိုဒ် သို့ ရောက်ရှိပါမည်။  
♣DOWNLOAD HERE♣